ဘယ်သောခါမှ
ဘ၀ချင်းထိ
မသိနိုင်ကြောင်း
ဆင့်လောင်းနားလည်နေသော်လည်း. . . . ...
အကြည့်တစူး
ပန်းတစ်ဖူးနှယ်
တွယ်တာခင်မင်
သံယောဇဉ်နှောင်
ရင်ဘောင်စည်းခတ်
မေ့ဖြတ်အရ
ကွယ်ရာကငေး
အဝေးကချစ်
နှလုံးသားပိုင်ရှင်
သခင်သိမလား
မမေးအားဝံ့
မျှော်လင့်တွက်မော
ဘယ်သောခါမှ. . . . ...
မိုးကောင်းသားတစ်ယောက်နဲ့တွေ့ရလို့ဝမ်းသာပါတယ်..
ReplyDeleteကဗျာကိုလည်းအားပေးသွားပါတယ်…